RSS

ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးကြပါ

ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးကြပါ
အသက်ရှင်ဖို့အတွက် နိစ္စဓူဝ ထုံးစံအရ လူတိုင်းသွားလာလှုပ်ရှား၊ ရုန်းကန်နေကြရပါတယ်။ သူတို့လည်း တစ်နည်းနည်းနဲ့ ရုန်းကန်နေကြသည်။ မိမိလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ရုန်းကန်ရပါတယ်. မိမိတို့အလို တစ်ခုတည်းကိုသာ လုပ်နေကြပြီး အဲ့ဒီအလုပ်က သူတစ်ပါးကို ထိခိုက်စေသော်၊ သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေသော် ဘယ် ကောင်းပါ့တော့မလဲ။ အဲ့ဒီလိုပဲ သူတစ်ပါးကသူထင်သလိုလုပ်ရာက မိမိကို လာထိခိုက်မိသော်၊ မိမိအကျိုးစီးပွားကို ထိခိုက်မိသော မိမိလည်းဘယ်လို ခံစားရမလဲ???
တံတွေးထွေးမှု၊ ကွမ်းစားမှု၊ ဆေးလိပ်သောက်မှု၊ အရက်သောက်မှုဆိုတာတွေက နေ့စဉ်ပြုမူနေထိုင်သော လူမှု ဘ၀ထဲက အသေးအဖွဲ့ကိစ္စလေးတွေဖြစ်တယ်၊ အသေးအဖွဲ့ကိစ္စလေးတွေကအစ ကြိုက်သူလည်းရှိမယ်၊ မကြိုက် သူလည်းရှိ မှာပဲ။ မိမိတို့ရဲ့ စရိုက်က သူတစ်ပါးကို မထိခိုက်စေသင့်ပါ။
သူတစ်ပါးကိုထိခိုက်စေသည်ဆိုပါစို့ မနက်အစောကြီးဘုရားအကျယ်ကြီးရှိခိုးတာပင်မကောင်းပါ။မိမိကကုသိုလ်ရပေမဲ့တစ်ပါးသူက အိပ်ရေးပျက်ရတာပေါ့၊
အလှူခံတာကောင်းပါတယ်၊ ဒါပေမဲ့လည်း မနက်(၅)နာရီဝယ် အသံချဲ့စက်အကျယ်ကြီးဖွင့်ပြီး အလှူခံတာကတော့ မကောင်းဘူးပေါ့ (ကျနော်ကိုယ်တိုင်ကြုံခဲ့ရလို့ပါ)
ကိုယ့်အိမ်မှာကိုယ်သီချင်းကိုအသံကျယ်ကြီးလွတ်လပ်စွာဖွင့်ခွင့်ရှိပါတယ်။ဒါပေမဲ့လည်းပတ်ဝန်းကျင်အိမ်တွေအတွက်
ဆူညံအောင် တော့မဖွင့်သင့်ပါ။
လူတိုင်းမှာ လွတ်လပ်မှုရှိပါတယ်၊ မိသားစုတိုင်းမှာ လွတ်လပ်မှုရှိသည်.။ အဲ့ဒီလိုလွတ်လပ်မှုသည် တစ်ပါးသူကို မထိခိုက်စေသင့်ပါ.။ ထိခိုက်ခဲ့သော် လွတ်လပ်မှုမဟုတ်တော့ပါ။ အနိုင်ကျင့်မှုဖြစ်သွားပြီ။
တစ်ဦးကို တစ်ဦးအနိုင်ကျင့်သောစရိုက်သည် အသိဥာဏ်ရှိတဲ့လူသားတွေရဲ့အလုပ်မဟုတ်ဘူးလို့ကျနော်ထင်တယ်။
အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည်ဆိုခြင်းက တောတွင်းတိရစ္ဆာန်၏စရိုက်တွေပင်ဖြစ်သည်။ ယင်းကိုတောတွင်း ဥပဒေ Jungle Law ဟုခေါ်ရမည်ပင်။
မေတ္တာမပွားချင်နေပါ။ ကရုဏာမထားချင်နေပါ ၊ တစ်ဦးကိုတစ်ဦးအနိုင်မကျင့်ဖို့ရာအရေးကြီးတယ် လို့ထင်ပါတယ်။
လူလူချင်းဆက်ဆံရေးတွင် ဘယ်လောက်အတိုင်းအတာအထိစာနာထောက်ထားတတ်ပါသလဲ???
ဘယ်လောက်အတိုင်းအတာထိ နားလည်မှုရှိပါသလဲ????
ဘယ်လောက်သဘောထားကြီးပါသလဲ ???? စသည့် အချက်ပေါ်တွင် အဓိကမူတည်ပါတယ်။
ရုပ်ရှင်ထဲမှာကြည့်ဖူးကြမှာပါ။ တောထဲမှာကိုယ်ပေါ်တွင်အရှက်လုံရုံဝတ်ပြိး လေးမြှားလက်နက်နှင့် အမဲလိုက်နေသူ ကိုသာ လူရိုင်း ဟုခေါ်တွင်နိုင်သည်မဟုတ်။။ မြို့ပေါ်တွင်နေသော်လည်းလူလူချင်းဆက်ဆံရေးတွင် မိမိထင်သလို ပြုမူနေထိုင်ပြောဆိုသူ၊ တစ်ပါးသူကို ထည့်သွင်းစဉ်းစားခြင်းမပြုပဲ  မိမိစိတ်ရှိသလို ပြုမူပြောဆိုနေထိုင်သူသည် လည်း လူရိုင်း ပင်ဖြစ်သည်။
ငါမှန်သည်။ ငါဟုတ်သည်။ ငါ့ကိုဒီလိုလုပ်လို့မရဘူး….နဲ့ အကျယ်၊အကျယ်မငြိမ်းဖွယ်ဖြစ်ခဲ့ရသည်တို့မှာ   သက္ကာယဒိဌိ ခေါ် ငါစွဲ ပင် ဖြစ်သည်။
ငါစွဲ ဆိုသည်မှာ အတိုင်းအတာတစ်ခုထိပဲစွဲသင့်ပါတယ်။ ယင်းအတိုင်းအတာထက်လွန်သော် လူမှုပဋိပက္ခဆီသို့ ဦးတည်ရွှေ့ လျားသွားမှာ ကျိန်းသေမှာပဲ။။။လူမှုဆက်ဆံရေးတွင် ငြိမ်းချမ်းမှု ရရှိရန်သာ ပြောပြခြင်းသာ ဖြစ်ပါသည်။
နောက်ဆုံး ဘာပဲဖြစ်ဖြစ် -
ကိုယ်ချင်းစာတရားဖြင့် အရာရာကို တိုင်းတာပါ၊
ကိုယ်ချင်းစာတရားဖြင့် နိစ္စဓူဝအလုပ်တွေကို လှုပ်ရှားရုန်းကန်ပါ။
ကိုယ်ချင်းစာတရားဟူသော သတိ ကို မပြတ်ထားပါ။
မိမိကြောင့်လည်း သူတစ်ပါးကို မထိခိုက်ပါနှင့်။ မိမိကြောင့် မိသားစုကိုမထိခိုက်ပါစေနှင့်။ မိမိကြောင့် အိမ်ထောင်ကို မထိခိုက်ပါစေနှင့်။။ လူဆိုတာ မှားတက်ပါတယ်.။ ပျက်အစဉ်ပြင်ခဏ လိုပဲ ပြင်၍မရသောအမှားဟူ၍ မရှိပါ။ ပြင်၍ ရပါကြောင်း ပြောရင်း လောက၏ ငြိမ်းချမ်းခြင်းကို ကိုယ်ချင်းစာတရားနဲ့ပဲ တည်ဆောက်ကြည့်ကြရအောင်ဗျာ။

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်၊

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

8 comments:

Khyl said...

ခုတလော ဒီသဘောတရားမျိုးတွေ ဟိုကပြော ဒီကပြော ထုတ်ဖော်လာကြတာ တွေ့နေရတယ် ကာကာရေ...

အဖြူရောင်နတ်သမီး said...

မှန်တယ်ဗျို့...
ကိုယ်တို့လည်း ခြေနှစ်ချောင်းကူညီမိပါတယ်..
နေစရာလည်းရ..အစာလည်း ဝရော...
ပက်ပက်စက်စက်ကို ဒုက္ခပေးခံနေရပါရောလား...
း(
အင်္လကာည ပြောသလို ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးဖို့နေနေသာသာ မျက်စိဒေါက်ထောက်ပြီးတော့ကို လိုက်ဒုက္ခပေးနေတာ...
ဟူးးးးးးးး လွယ်ပါဘူး...
တနေ့တော့...
ကိုယ့်စေတနာမှန်ရင် ကိုယ့်ကို အကျိုးပြန်ပေးပါလိမ့်မယ်...

မိုးယံ said...

ခက်တော့ ခက်တယ်။ အဲဒါတွေရဲ့ တရားခံက ဘုရားသခင် ဖန်ဆင်းရှင် လေ။ ကိုယ်ကလဲ တွေ့တဲ့နေရာ ဆော်မလို့ပဲ။ အဲဒီကောင် ကြောက်လို့ ကိုယ့်ကို ပုန်းနေတယ်ထင်ပ။ လူညစ်တွေကို အမြင်ကတ်လွန်းလို့ အော်မိတာပါ ။ ကိုည အဆင်မပြေနိုင်ရင် တော့ ဖျက်လိုက်ပါလေ။ တော်ကြာ အနော့်ကြောင့် ... ကျွန်တော်က ကိုည အတွက် စဉ်းစားပေပါသည်။ ဂြီ။

ကြယ်ရောင်မှတ်စု said...

ရေးသင့်ရေးထိုက်တဲ့ post လေးပါပဲဗျာ။အားပေးနေလျှက်ပါ :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

အရမ်းကို ကောင်းလွန်းတဲ့ Post လေးပါ။
ညီမကိုယ်တိုင်လည်း မှားခဲ့ဖူးပါတယ်။
သူတစ်ပါးကို ထိခိုက်ဖို့ ရာ မရည်ရွယ်ခဲ့ပေမဲ့ စနောက်ခဲ့မိတဲ့
စကားလေးတစ်ခွန်းကြောင့် စိတ်ဆိုးခံခဲ့ရဖူးပါတယ်။
အဲဒီကတည်းကနေစပြီ...တော်တော်လေးသတိထားဆင်ခြင်
မိသွားခဲ့တာ။ ...
အင်းးးကိုယ့်ကိုယ်တိုင် အတွက်ရော...သူတစ်ပါးအတွက်ပါ ထည့်သွင်း
စဉ်းစားပေးသွားမယ်။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

blackroze said...

သိပ်ကောင်းတဲ့POst လေးပါ...
အဓိက..ကတော့ကိုယ်ချင်းစာတရားပါဘဲ..

tabataprincess said...

မှန်၏ (အပြည့်အဝထောက်ခံပါတယ်)

Global Family said...

အရမ်းမှန်တယ်ဗျာ..အကိုရေကူးသွားပိနော်စိတ်ဆိုးရဘူး..
:D ကျန်တော်ဘလော့က hispeed-global.co.cc ပါ။

Post a Comment