RSS

ချစ်သူအတွက်

ချစ်သူအတွက်

ငါဟာ...တခါတခါ
အဖော်မဲ့....ငှက်တစ်ကောင်အလား.....
တမ်းတခြင်း....အလွမ်းတေးကို
အဆက်မပြတ်...ငါ အော်ညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား....။

ငါဟာ...တခါတခါ
ကာရံမဲ့....သံစဉ်တစ်ခုအလား
ချစ်ခြင်း...တေးသွားတစ်ပုဒ်ကို
တိုးတိုးလေး...ငါ ဆိုညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား.......။။

ဆုံဆည်းခြင်းကို......မျှော်လင့်ခွင့်မရှိတဲ့...ငါ..
တမ်းတခြင်း.....အလွမ်းတေးကိုတော့...
အထပ်ထပ်ဆိုညည်းခွင့်ရှိတယ်.....။။။

ပိုင်ဆိုင်ခြင်းကို...ဖမ်းဆုပ်ခွင့်မရတဲ့...ငါ..
ပေးဆပ်ခြင်း....အချစ်တစ်ခုကိုတော့
ရင်ထဲမှာ...ထာဝရ....သိမ်းဆည်းခွင့်ရှိတယ်.......။။။။

မင်းကိုချစ်ခွင့်ရရုံနဲ့…ကျေနပ်နေတဲ့ငါဟာ
ဘာကိုမှလဲ မမျှော်လင့်ချင်တော့ပါဘူး…
ဒါပေမယ့်…….
အသက်မဲ့နေတဲ့....ငါ့ရဲ့ အိမ်မက်ပန်းချီကားတစ်ချပ်...
အသက်ဝင် တောက်ပလာအောင်…
ရေးဆွဲခွင့်တော့…ရချင်တယ်…....။။။

ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

Unknown said...

ချစ်သူအတွက်
ချစ်ခွင့်ရရုံနဲ့ ကျေနပ်နေတဲ့သူဆိုတော့
အချစ်တွေအသက်ဝင်လာအောင် ရေးဆွဲစေဗျာ

ခင်မင်စွာဖြင့်
ဖိုးအေး

Anonymous said...

အရမ်းကို ကောင်းလွန်းပြီး
ရည်ရွယ်သူသာ ဖတ်မိခဲ့မယ်ဆိုရင်...ပိုပြီးပြည်ုစုံ
သွားနိုင်တယ်။ :)
တကယ်တော့လည်းးးးအချစ်ဆိုတာမျိုးက...
ချစ်နေရယုံနဲ့ လည်း..အေးချမ်း ပြည့်စုံနေတတ်ပြန်တယ်
မှတ်လား။ နီးစပ်ခဲ့ရင်တော့...အတိုင်းထက် အလွန်ပေါ့လေ။
ဒါကြောင့်...ထပ်တူကျ လာနိုင်ပါစေလို့ ..ဆုတောင်းးရင်းး
..ခင်မင်လျှက်...ခင်မာလာအောင်..:)

ကြယ်ရောင်မှတ်စု said...

ဟုတ်ပ ကိုညရေ.... ဘာမှမပိုင်ရရင်တောင် တမ်းတမှု့တွေကို ငါပိုင်တယ်တဲ့
ချစ်သူအတွက် ကို ချစ်သူဖတ်နိုင်ပါစေဗျာ။

ခင်တဲ့ ( ဖိုးကြယ် )

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ကဗျာကောင်းလေးပါပဲ ငညရေ....
ဘာမှတော့ ပြောချင်ဘူး....
သိတယ်နော်....

Unknown said...

အရေးသားကတော့အရမ်းမိုက်တယ်နော်
ကျွန်တော်နဲ့ လဲနဲနဲတိုက်ဆိုင်တော့ကျွန်တော်တော်တော်လေးကိုကြိုက်နှစ်သက်မိပါတယ်ဗျာ....
ဆက်ပြီးတော့လဲရေးပါအုံးနော်....ကျွန်တော်လာအားပေးပါ့မယ်နော်..
ကျွန်တော်လဲကဗျာတွေရေးရတာဝါသနာပါတယ်လေကျွန်တော်လဲပြတိုက်မှာ
ကဗျာတွေရေးပြီးတင်ထားတယ်လေ
အားရင်လာအားပေးပါအုံးနော်.......အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Post a Comment