RSS

“ကဗျာကြမ်း”

“ကဗျာကြမ်း”
 
အချစ်ကို စတင်မိလို့
အချစ်အတွက် ကဗျာ
အနုအရွတွေနဲ့
ချစ်ကြိုးသီဖွဲ့
ကဗျာမဆက်တတ်လေတော့
ငါ့အတွေးငါ့စိတ်ကူး
ရူးရူးမူးမူးဖြစ်နေမိလို့
ခေါင်းစဉ်မှာ ကဗျာကြမ်း
စာသားကြမ်းကြမ်းတွေပဲ
ရေးလိုက်တော့မယ်
“ချစ်တာကို အပြစ်မဆိုလိုပေမယ့်
ငါက မိန်းခလေးပါတဲ့ ”
“ ရူးနေပါပြီဆိုရအောင်
ရူးအောင်မင်းလုပ်ခဲ့တာမဟုတ်
ငါကိုယ်တိုင် ရှာမိလို့
ငါကိုယ်တိုင် ခံစားရတဲ့
အရှုတ်ထုတ်ပါ”
မင်းတို့ရဲ့တာဝန်က
စဉ်းစားပြီးမှ ဆုံးဖြတ်
အရာရာသုံးသပ်ကြည့်လို့
အဆုံးသပ်မှာ
အသုံးမကျလောက်ပါဘူး
ဆိုတဲ့ အဖြေကိုသာရခဲ့ရင်လည်း
ငါ့အတွက်ပေပဲမို့ ။ ။
အလွမ်းအဆွေးတွေဖက်လာတော့
မာလှပါတယ်ဆိုတဲ့
ယောက်ျားတွေ အသဲ
ခြောက်ပြားတစ်ပဲ ဖိုးတောင်
တန်ကြေးမရှိတော့သလိုပဲ ။ ။
အပြစ်ရှာချင်ရင် အပြစ်
ငါက အချစ်ရှာမိတဲ့အတွက်
ချစ်နေမိပါတယ်။ ။

တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment